NUG နဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိကြောင်း ဖေါ် ပြထားပြီး ပြန်ဖြုတ်သွားတဲ့ MNDAA ထုတ်ပြန်ချက်

NUG နဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိကြောင်း နဲ့ တရုတ်ရဲ့ ကြားဝင်မှုကို လက်ခံမယ်ဆိုတဲ့ MNDAA ကြေညာချက် ထွက်ပေါ်ခဲ့ပြီး ပြန်ဖြုတ် စက်တင်ဘာ ၇ - ၂၀၂၄ (ညီညီ) MNDAA ကိုးကန့် တပ်ဖွဲ့ စစ်ကောက်မရှင် ကနေ စက်တင်ဘာ ၄ ရက် နေ့စွဲနဲ့ ကြေညာချက် တစောင်ကို မနေ့ စက်တင်ဘာ ၅ ရက်နေ့က ကိုးကန့် ဖေ့စ်ဘွတ် စာမျက်နှာ ဖေါ်ပြခဲ့ပြီးနောက် ပြန်လည်ဖြုတ်သွားခဲ့ ပါတယ်။ အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး MNDAA ပြောခွင့်ရ လီကျားဝင်းကို အတည်ပြုချက် ရယူနိုင်ဖို့ မေးမြန်းထား ပေမယ့် အခုအချိန် ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။ အဲဒီပြန်ဖြုတ်သွားတဲ့ ကြေညာချက်မှာ အချက် ၃ ချက် ဖေါ်ပြ ထားပြီး MNDAA ဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အပြင် မန္တလေး နဲ့ တောင်ကြီးလို မြို့တွေကို တိုးချဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တရုတ် ဘာသာ နဲ့ ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် ပြည်ပကနေ တရုတ်ဆန့်ကျင်ရေး/မြန်မာဆန့်ကျင်ရေး ဆောင်ရွက် နေကြတဲ့ အင်အားစုတွေနဲ့ များ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေး အတွက် စစ်ပွဲတွေ ရပ်ပြီး သက်ဆိုင်ရာ အဖွဲ့တွေ အာလုံး နဲ့ နိုင်ငံရေး ဆွေးနွေးမှု စတင်ဖို့ တရုတ် နိုင်ငံရဲ့ ပါဝင်မှုနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေါ်ပြထား ပါတယ်။ MNDAA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် တောင်းဆိုချက်တွေ ပြောင်းလဲမှာ မဟုတ်သလို လွတ်လပ်ရေး အတွက် တောင်းဆိုမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ (ဒီထုတ်ပြန်ချက်ဟာ ’’မှန်ပါသည်’’ လို့ MNDAA ဖေ့စ်ဘွတ် မက်ဆင်ဂျာက)
Back to Top