ထိုးစစ်တွေအရှိန်ပြင်းလာတာကြောင့် နမ္မတူမှာ အကြမ်းဖက်အုပ်စုတွေ အထူးအစည်းအဝေးပြုလုပ်

တပ်မတော်ရဲ့ ထိုးစစ်တွေအရှိန်ပြင်းလာတာကြောင့် နမ္မတူမှာ အကြမ်းဖက်အုပ်စုတွေက အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းအပြင်း ဒေသတွင်းသတင်းအချို့ကို တင်ဆက်ပေးပါ့မယ်။ မြေပြင်​ချေမှုန်းရေး ထိုးစစ်တွေ အရှိန်အဟန်နဲ့ စတင်နေပြီဖြစ်သလို လေကြောင်းပစ်ခတ်မှုတွေကလည်း တိကျနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်အုပ်စုတွေဟာ သေဆုံးမှုတွေများပြားလာလို့ အဲ့ဒါနဲ့ပတ်သက်တဲ့ အထူးအစည်းအဝေးတစ်ရပ်ကို နမ္မတူမြို့မှာ ပြုလုပ်နေတယ်လို့ PAN က သိထားရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့၊ တိုက်စိမ်းကြီးအတွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ အထူးအစည်းအဝေးကို လားရှိုး၊ သီ​ပေါ၊ ကျောက်မဲမြို့နယ်တွေက အကြမ်းဖက်အုပ်စုဝင် လက်နက်ကိုင်ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။ နိုင်ငံတော်ကအကြမ်းဖက်အုပ်စုတွေအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်လက်နက်ကိုင်သောင်းကျန်းသူ MNDAA, တအောင်းပလောင်လက်နက်ကိုင်သောင်းကျန်းသူ TNLA နဲ့ ရခိုင်လက်နက်နက်ကိုင်တွေဖြစ်တဲ့ AA တို့အပြင် PDF NUG CRPH တွေကိုပါ အကြမ်းဖက်အုပ်စုတွေအဖြစ်ကြေညာထားတာပါ။ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ အဲဒီနေ့ကပြုလုပ်တဲ့ အထူးအစည်းအဝေးကို ဘယ်အဖွဲ့က ဦးဆောင်ပြီး ဘယ်သူတွေပါဝင်တက်ရောက်တယ် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ကြေညာချက်ထုတ်ပြန်မထားပါဘူး။ အဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “ တပ်က လေယာဥ်နဲ့ရော မြေပြင်ချေမှုန်းရေးပါလုပ်လာတော့
Back to Top