(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ရန်ကုန်မြင်ကွင်း

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ရန်ကုန်မြင်ကွင်း ------ အကုန်သိသတင်းဌာန ------ မြန်မာပြည်ကြီး သူတစ်ပါး စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ စစ်မှန်တဲ့ လွတ်လပ်ရေးရတဲ့နေ့ဟာ ဇန်န၀ါရီ ၄ ရက်နေ့ပါ။ အတိအကျပြောရရင်တော့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ “ဒီနိုင်ငံကြီး လုံးဝလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ပြီဟေ့“ဆိုပြီးကြွေးကြော်နိုင်တဲ့ နေ့ကို အထူးအလေးအမြတ်ထားတဲ့အနေနဲ့ နိုင်ငံအနှံ့အပြားမှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပကြသလို ကလေးများကလည်း လမ်းပေါ်မှာ လွတ်လွတ်လပ်လပ် ကစားနေကြတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့အကြို ရန်ကုန်မြင်ကွင်းကို တင်ဆက်လိုက်ရပါတယ်။ ရိုက်ကူး - ဆုမင်းကို ၊ တည်းဖြတ် - ပြည့်စုံ
Back to Top