တပ်ရင်း ၁ ရင်းလုံးပြုတ်လုနီးပါး ချေမှုန်းခံလိုက်ရတဲ့ စစ်ကိုင်းမြို့အခြေစိုက် ခမရ - ၁၃
တပ်ရင်း ၁ ရင်းလုံးပြုတ်လုနီးပါး ချေမှုန်းခံလိုက်ရတဲ့ စစ်ကိုင်းမြို့အခြေစိုက် ခမရ - ၁၃
***********
ကောင်းချစ်အောင်
နိုဝင်ဘာ ၁၊ ၂၀၂၃
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကိုင်းအခြေစိုက် ခမရ - ၁၃ ကို ရှမ်းပြည်မြောက်ပိုင်းဆီ လေယာဥ်နဲ့ စစ်ကူအဖြစ်ပို့ပေး ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မနက်ခင်းပိုင်းမှာတော့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရရာရှိသူအများအပြားနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ ခမရ - ၁၃ ကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BPLA နဲ့ မဟာမိတ် တပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးနေလင်းအောင်နဲ့ တပ်သား ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို MA Series ရိုင်ဖယ်အလက် ၃၀၊ စက်ကလေး ၃ လက်အပြင် တခြားလက်နက်ကြီးတွေကို သိမ်းဆည်းနိုင်ခဲ့တယ် လို့ သိရပါတယ်။
BPLA ကလည်း စစ်ရေးစွမ်းရည်တိုးတက်အောင် ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်နေသလို အညာဒေသမှာလည်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။