နာမည်ထူးဆန်းပြီး အရသာစပါယ်ရှယ်ကောင်းမွန်တဲ့ မစ္စတာဆာဗူသီး ချင်းရိုးရာစားသောက်ဆိုင်
နာမည်ထူးဆန်းပြီး အရသာစပါယ်ရှယ်ကောင်းမွန်တဲ့ မစ္စတာဆာဗူသီး ချင်းရိုးရာစားသောက်ဆိုင်
------ စားလိုက်ကြစို့ -------
ချင်းရိုးရာအစားအသောက်တွေကို မြည်းစမ်းချင်တဲ့ ပရိသတ်တွေအတွက် မစ္စတာဆာဗူသီးစားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးမှာတော့ အဆာပြေစားသုံးနိုင်တဲ့ ဆာဗူသီး၊ အမဲကြော်၊ bai (သီးစုံဟင်း)၊ Ironba (အာလူး၊ မျှစ်ချဉ်၊ မျောက်ငိုသီးကို ချင်းငါးပိနဲ့ ပေါင်းထားတဲ့ဟင်း)တွေပဲ ဖြစ်ပါတယ်။ နာမည်ကြည့်လိုက်ရင် ထူးဆန်းပြီး အရသာလည်း စပါယ်ရှယ်ကောင်းမွန်တာမို့ ပရိသတ်တွေ သွားရောက်စားသုံးနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။
တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - ပြည့်စုံ