မြ၀တီကုန်သွယ်ရေးဇုန်ဂိတ် ညပိုင်းပိတ်တာ ငြိမ်းချမ်းရေးနဲ့ ဆိုင်လား

မြ၀တီကုန်သွယ်ရေးဇုန်ဂိတ် ညပိုင်းပိတ်တာ ငြိမ်းချမ်းရေးနဲ့ ဆိုင်လား ------ အကုန်သိသတင်းဌာန ------ ကရင်ပြည်နယ်၊ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ဂိတ်ကို မနက် ၆ နာရီမှ ည ၈ နာရီအထိသာ သွားလာခွင့်ပေးထားပါတယ်။ ဒီထက်နောက်ကျရင်တော့ ဖြတ်သန်းသွားလာခွင့်မပေးတော့ပါဘူး။ ဒါဟာ ကုန်ကားကြီးတွေနဲ့ မှောင်ခိုစီးဆင်းမှုကို တားဆီးလိုက်တာပါ။ အရေးပေါ်ကိစ္စရှိရင်တော့ ဖြတ်သန်းသွားလာခွင့်ပေးထားတယ်လို့ သိရပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ ဘယ်လိုမှ မသက်ဆိုင်ကြောင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောပါတယ်။ ရိုက်ကူး - စောဘောသိုလ်၊ တည်းဖြတ် - ဆလိုင်း
Back to Top