ဖော့ဘူးတွေနဲ့ အစားအသောက်ပူပူတွေ ထည့်သောအခါ

ဖော့ဘူးတွေနဲ့ အစားအသောက်ပူပူတွေ ထည့်သောအခါ -------- Food Safety (၁၈) ---------- အစားအသောက်တွေကို ဖော့ဘူးတွေနဲ့ ထည့်တဲ့ ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကတည်းက မြန်မာနိုင်ငံမှာ အကျွမ်းတ၀င်ရှိခဲ့ပါတယ်။ အထူးသဖြင့် ဖော့ဘူးတွေနဲ့ အစားအသောက်ထည့်တာကိုလည်း အဆန်းတကျယ် စိတ်ပူစရာမလိုတဲ့ ကိစ္စလို့ ထင်ကြပါတယ်။ ဒါပေမဲ့ သတိထားစရာကောင်းတဲ့ အနေအထားကို ရောက်နေတာကတော့ အမှန်ပါပဲ။ ဖော့ဘူးတွေဟာ ရေနံထွက်ပစ္စည်းတွေက ထုတ်လုပ်ထားတဲ့ ထွက်ကုန်ပါပဲ။ အပူတွေနဲ့ ထိတွေ့ လို့ မရသလို ထိတွေ့ ခဲ့ရင်လည်း ဓါတု ဓါတ်ပြုမှုတွေကလည်း ဆိုးဝါးတဲ့ သက်ရောက်မှုတွေက အစားအသောက်ထဲကို စီးဝင်သွားပါတယ်။ ရိုက်ကူးမေးမြန်း - မင်းသီဟန် ၊ တည်းဖြတ် - ဆလိုင်းကျော်မိုး စားသုံးကုန်များထဲမှ သေမင်းတမန်များ အစီအစဉ်ကို နှစ်ပတ်လျှင်တစ်ကြိမ် ပုံစံမျိုးဖြင့် တနင်္ဂနွေနေ့ တိုင်း တင်ဆက်ပေးနေခြင်းဖြစ်ပါသည်။ လာမည့် အမှတ်စဉ်(၁၉) ကို နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံတင်ဆက်ပေးသွားပါမည်။
Back to Top