လူ့အခွင့်အရေးဆိုတာနဲ့ ဘင်္ဂါလီတွေကို ပြန်ခေါ်ရရင် အမေရိကန် သွားကြည့်ပါလားဟု မေး

ဘင်္ဂါလီတွေ ပြန်ခေါ်ဖို့ လူ့အခွင့်အရေးဆိုတဲ့ ၀ါးလုံးရှည်ကြီးနဲ့ရမ်းနေမှုကို ဦးသန်းမောင်ပြောပြီ ------ အကုန်သိသတင်းဌာန ------ “လမ်းဘေးကလူကို လူပဲဆိုပြီးတော့ အိမ်ပေါ်တင်ထားလို့ မရဘူး။ အိမ်ဦးခန်း ထားလို့မရဘူး။ အလွန်ဆုံး ထမင်းပဲကျွေးလိုက်လို့ရတယ်။ အိမ်ထဲ ခေါ်ထားလို့မရဘူး။ Human ဆိုတဲ့ ၀ါးလုံးရှည်ကြီးနဲ့ လာရမ်းလို့တော့ မရဘူး။ Human ဆိုလို့ရှိရင် အမေရိကန်ကို သွားကြည့်ပါလား။ Visa လျှောက်တာနဲ့တင် မင်း လန်သွားလိမ့်မယ်“ ဆိုပြီး ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်လည်းဖြစ် ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးသန်းမောင်က လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ဘင်္ဂါလီတွေကို ပြန်လက်ခံလို့ မဖြစ်ကြောင်း ပြောထားပါတယ်။ ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် - မိုးတိမ်
Back to Top