မဘသကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ မွေးဖွားအသက်သွင်းခဲ့ပုံ (မဘသအပိုင်း ၁)

လူထုတရပ်လုံးက စစ်ကောင်စီကို ဝိုင်းပယ်ဖြုတ်ချဖို့ကြိုးစားကြတဲ့အခါ စစ်ကောင်စီဟာ အားကိုးရာ အုပ်စု ၃ စုကိုရှာဖွေချဉ်းကပ်ခဲ့ပါတယ်။ အဲဒါကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အောက်ခြေ သာမန်ပါတီဝင်တွေက ပထမအစုဖြစ်ပါတယ်။ မဘသအုပ်စုက ဒုတိယအုပ်စုဖြစ်ပါတယ်။ တတိယအုပ်စုကစစ်မှုထမ်းဟောင်းတွေပါ။ တတိယအုပ်စုစစ်မှုထမ်းဟောင်းအဖွဲ့က တက်တက်ကြွကြွမပူးပေါင်းပေမဲ့ ကြံ့ခိုင်ရေးအောက်ခြေပါတီဝင်တွေနဲ့ မဘသတွေဟာ ပျူစောထီးဖြစ်လာပါတယ်။ စစ်ကောင်စီအတွက်အဓိကအင်အားဖြစ်လာပါတယ်။ စစ်တပ်နဲ့တန်းတူလောက် အားထားစရာဖြစ်လာပါတယ်။ လူထုတရပ်လုံးရွံမုန်းနေတဲ့ စစ်ကောင်စီကို ဘာလို့မဘသတွေနဲ့ သံဃာတချို့က ထောက်ခံအားပေးကြပါသလဲ။ ဘာ့ကြောင့်ဦးဝါသဝလို၊ ပေါက်ကိုယ်တော်လို မဘသသံဃာတွေဟာ ကိုယ်တိုင်စစ်တပ်ဖွဲ့၊ ကိုယ်တိုင်ရွာမီးရှို့တဲ့အလုပ်တွေကို လုပ်လာပါသလဲ။ မဘသဘယ်လိုပေါ်ပေါက်လာသလဲ။ မဘသပေါ်ထွက်လာအောင် စစ်အုပ်စုက ဘယ်လိုကြိုးပမ်းခဲ့ပါသလဲ။
Back to Top