၂၀၂၅ ခုနှစ်မှာ တရုတ်နဲ့ စစ်ဖြစ်လာနိုင်တယ်လို့ အမေရိကန် ဟောကိန်းထုတ်

အခုတွေ့နေရတဲ့ မျဉ်းတို (၁၁) ခုပါတဲ့ မြေပုံက ၁၉၄၇ ခုနှစ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကမ္ဘာသို့ တင်ပြခဲ့ မြေပုံ ဖြစ်ပါတယ်။ ကွန်မြူနစ်တပ်တွေ တရုတ်ပြည်မကို သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက်လို့ ဆိုပါတယ်။ ဒီမြေပုံကြောင့် နိုင်ငံတကာ တင်းမာမှု တွေမြင့်တက်လာခဲ့ရာ အခုဗွီဒီယိုထဲတွေ့နေကြတဲ့အတိုင်း မျဉ်းတို (၉) ခုပါ မြေပုံနဲ့ ပြောင်းလဲ တင်ပြပြန် ပါတယ်။ ဆိုလိုတာက ပေကျင်းဟာ ဒီလိုမျဉ်းတို (၉) ခုနဲ့ အမှတ်အသားပေးထားတဲ့ ဧရိယာကို သူ့ပိုင်နက် ဖြစ်တယ်လို့ ကမ္ဘာကို ကြေညာတာ ဖြစ်ပါတယ်။ သူ့ဧရိယာလို့ ပြောလိုက်တဲ့ ဒေသက တောင်တရုတ်ပင် လယ် တစ်ခုလုံးနီးပါး ဖြစ်နေပါတယ်။ ဒါကြောင့် မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း နဲ့ ဗီယက်နံ တို့က သူတို့ နယ်နိမိတ်တွေပါလို့ ကြေညာထားတဲ့ ပင်လယ်နယ်နိမိတ်တွေနဲ့ ထပ်သွားပါတယ်။ တကယ်တော့ ဆိုခဲ့တဲ့ နိုင်ငံတွေရဲ့ ရေပိုင်နက်တွေကိုပါ သူ့ထဲပေါင်းထည့်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုခဲ့တဲ့ နိုင်ငံတွေနဲ့ အငြင်းပွားစရာတွေ ဖြစ်လာခဲ့သလို ဒီနေရာတွေမှာ အမေရိကန်ရေ တပ်သင်္ဘောတွေ အမြဲလိုလို ကင်း လှည့်သွားလာနေရာ ဒီအငြင်းပွားမှုထဲ အမေရိကန်လည်း ပါလာရပါတယ်။ အမေရိကန်က လွတ်လပ်စွာ ရေးကြောင်းသွားလာခွင့် (Freedom of navigation) ကို ထိန်းသိမ်းစောင့်ရှောက်နေတာလို့ ဆိုလာပါ တယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်ဘက်က အသံမထွက်ပါ။ သို့သော် သူတို့ပိုင်နက်ပါလို့ ကြေညာထားတဲ့ ပတ်ဝန်း ကျင်ရေပြင်က ကျွန်းတွေမှာ တစ်နှစ်ထက်တစ်နှစ် အဆောက်အဦးတွေ နဲ့အတူ စစ်ရေးတိုးချဲ့လာခဲ့ပါ တ)
Back to Top