လောက်ကိုင်နဲ့ ကွမ်လုံကိုဗုံးကြဲတိုက်ခိုက်နေသလို နောင်ချိုကို မြေပြင်ထိုးစစ်စတင်နေပြီ

တပ်မတော်က MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်နဲ့ ကွမ်လုံကိုဗုံးကြဲတိုက်ခိုက်နေသလို နောင်ချိုနဲ့အနီးတစ်ဝိုက်ကိုလည်း မြေပြင်ထိုးစစ်တွေစတင်နေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဆိုတဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ပထမပိုင်းမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့ကို အကြမ်းဖက်သောင်းကျန်းသူ ကိုးကန့်လက်နက်ကိုင် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားလိုက်ပါတယ်။ အဲ့ဒီနောက် လောက်ကိုင်မြို့က ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူတွေ စုဝေးရာနေရာတွေကို လေကြောင်း၊ ဂြိုလ်တုနဲ့ မြေပြင် သတင်းထောက်လှမ်းမှုတွေအရ တိကျတဲ့ လေကြောင်းပစ်ခတ်မှုတွေအကြိမ်ပေါင်းများစွာပြုလုပ်ခဲ့တာပါ။ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း သောင်းကျန်းသူတွေ အိပ်မောကျနေချိန် မနက် ၂ နာရီဝန်းကျင်မှာ ကိုးကန့်လက်နက်ကိုင် အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ တုံချိန်ဘက်ကို ပေါင် ၅၀၀ ဗုံးလို့ယူဆကြတဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ​အကြမ်းဖက်အများအပြား သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ “တုန်ချိန်ဘက်ကို ပေါင် ၅၀၀ နဲ့လာချတာ တော်တော်သေမယ့်ပုံပဲဗျ၊ စကစလေယာဥ်လာပစ်တဲ့ အကြိမ်တိုင်းလွဲတယ်ဆိုတာ မရှိသလောက်ပဲ၊ အတော်တိကျတယ်။ တုံချိန်ဘက်ဆိုရင် ဖုန်းလိုင်း အခက်အခဲရှိနေတယ် အင်တာနက်မရဘူး ဒါဆိုရင်မြေပြင်သတင်းပေးဘယ်လိုမှမဖြစ်နိုင်ဘူး။ သေခြာတာက စကစ က ဂြိုလ်တုစနစ်သုံးနေတာဖြစ်ဖို့များနေပြီ“ လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းအရင်းအမြစ်က PAN ကိုပြောပါတယ်။ လောက်ကိုင်မြို့မှာရှိတဲ့ ကိုးကန့်လက်န
Back to Top