ဗီဇာအတုပြုလုပ်တဲ့ ထိုင်းကုမ္ပဏီနဲ့ မြန်မာနိုင်ငံသူတစ်ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး

ဗီဇာအတုပြုလုပ်တဲ့ ထိုင်းကုမ္ပဏီနဲ့ မြန်မာနိုင်ငံသူတစ်ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး --------- အကုန်သိ မှုခင်း --------- ဘန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း ဘန်ခင်ဈေးအနီးက ထိုင်းနိုင်ငံသားပိုင်ဆိုင်သည့် CBS-WORLD ကုမ္ပဏီ၌ သန့်ရှင်းရေး လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသူတစ်ဦးက အလုပ်အားလပ်ချိန်တွေမှာ ဗီဇာသက်တမ်းတိုးလိုသူတွေကို လက်ခံ၍ အမည်မသိ ထိုင်းကိုယ်စားလှယ်တစ်ဦးကို တဆင့်ပေးရာမှ အခကြေးငွေအဖြစ် တစ်ဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ ယူကာ စာရွက်စာတမ်းအတုပြုလုပ်ခဲ့သည့်အတွက် ထိုင်းအာဏာပိုင်တွေက အရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်း သိရပါသည်။ သတင်း - မောင်ကောင်း(ပြည်)၊တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - သားကို
Back to Top