သမ္မတကြီးရဲ့ မဲဆန္ဒနယ်မှာ တာဝန်ထမ်းဆောင်ရတာ အင်မတန်မှ ကြီးလေးတယ်လို့ ဦးတိုးဝင်းပြော
ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့ရင် ဘာတွေဆောင်ရွက်ပေးမယ်လို့ ပြောခဲ့လဲ
------ အကုန်သိသတင်းဌာန ------
“ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေရှိပါတယ်။ နိုင်တဲ့အခါ အဲဒီကြေညာစာတမ်းတွေအရ ပြည်သူလူထုကြီးနဲ့တကွ တိုင်းပြည်ရဲ့ အကြပ်အတည်းကနေ လွတ်မြောက်ဖို့ အဘက်ဘက်ကနေ ၀ိုင်းဝန်းပြီးမှဆောင်ရွက်ဖို့ အနေအထားရှိပါတယ်။ ပြည်သူလူထုရဲ့ လိုလားချက်တွေ၊ လိုအပ်ချက်တွေကို လွှတ်တော်မှာ ပြည်သူလူထုကိုယ်စား ဆွေးနွေးတိုက်တွန်းပြီးတော့မှ ဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီးရှိပါတယ်’’ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းက သမ္မတကြီးရဲ့ မဲဆန္ဒနယ်မှာ တာဝန်ထမ်းဆောင်ရတာဟာ အင်မတန်မှ ကြီးလေးကြောင်း အကုန်သိသတင်းဌာနကို အခုလို ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - မင်းသီဟန်၊ ရဲထက်