နောင်တ မရအောင် ကွမ်းယာရှောင်ဆိုတာ တကယ်ပြောတာပါ

မြန်မာနိုင်ငံမှာ ကွမ်းစားသုံးသူလူတန်းစားက ရာနှုန်းအားဖြင့်တော်တော်လေး များပြားလာပါတယ်။ အများပြည်သူ စားသုံးနေတဲ့ကွမ်းတွေဟာ ပုံမှန်အားဖြင့်ဆိုရင်တောင် ရောဂါတွေ တိုးပွားလာနိုင်စေတာကို ဒီနောက်ပိုင်းမှာ ကွမ်းတွေ စားလို့ ကောင်းအောင် အရောင်ချွတ်တာ၊ တာရှည်ခံအောင်လုပ်တာနဲ့ ဓါတုဆေးသုံးတာတွေလည်း ပါဝင်လာတဲ့အတွက် ကင်ဆာရောဂါနဲ့ အခြားသော ဆက်စပ်ရောဂါတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်နေကြပါပြီ။ စားသုံးကုန်များထဲမှ သေမင်းတမန်များ နှစ်ပတ်တစ်ကြိမ်အစီအစဉ်ကို တနင်္ဂနွေနေ့  နံနက် (၁၁) နာရီတိုင်း ပုံမှန်တင်ဆက်ပေးနေပါသည်။ လာမည့်အမှတ်စဉ်(၂၁)ကို ဒီဇင်ဘာ ၁၆ ရက်၌ ဆက်လက်ဖော်ပြပေးပါမည်။ ရိုက်ကူးမေးမြန်း - မင်းသီဟန် ၊ တည်းဖြတ် - ဆလိုင်းကျော်မိုး
Back to Top