မသန်ပေမယ့် အလွန်စွမ်းသူ

မသန်ပေမယ့် အလွန်စွမ်းသူ BNA(Profile) မြောက်ဦး၊သြဂုတ် ၁၂။ ရခိုင်မှာ ကျောင်းဆရာ၊ဆရာမတွေန ည်းပါးသလို ဝေးလံခေါင်းပါးတဲ့နေရာတွေကိုတော့ လာရောက်ပညာသင်ကြားပေးသူတွေနည်းပါးကြပါတယ်။ ရခိုင်ကလူနည်းစုနေရာတွေ၊ဝေးလံခေါ င်ပါးတဲ့နေရာတွေဆိုရင် ပိုပြီးတော့နည်းပါးကြပါတယ်။ အဲဒီလိုနေရာတွေမှာဒေသခံလူနည်းစုတွေကိုသာအဓိကအားကိုးအားထားပြု ပြီးပညာသင်ယူနေကြရတယ်လို့ ဆိုကြပါတယ်။ မြောက်ဦးမြို့နယ်၊သာသာကုန်းကျေး ရွာဟာ ခမီလူမျိုးတွေနေထိုင်ကြတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်။ အဲဒီရွာကကလေးသူငယ်တွေကို အသ က် ၃၇ နှစ်အရွယ်၊ဆရာဦးအောင်မြင့် က စာသင်ပေးနေတာကြာပြီလို့ဆိုပါတယ်။ သူ့အမေသေဆုံးသွားတာဟာ ၇ နှစ်ကျော်ခန့်ရှိနေပြီးသူ့အဖေဟာလည်း ကျောက်တော်မြို့နယ်၊နပျိုးချောင်းကျေးရွာမှာ ကျောင်းထိုင်ဘုန်းကြီးလုပ်နေတယ်လို့ ဆိုပါတယ်။ သူ့အားကိုးရတဲ့အကိုဟာလည်း သေ ဆုံးသွားခဲ့တာမို့ မရီးဖြစ်သူဆီမှာသာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဆရာဦးအောင်မြင့်ကို BNA ကသွား ရောက်တွေ့ဆုံမေးမြန်းထားပါတယ်။ ဆရာဦးအောင်မြင့်ဟာမွေးရာပါမသ န်စွမ်းပေမယ့်အလွန်စွမ်းဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ သူဘဝအခြေအနေတွေ သူခံယူချက်တွေ၊သူအခက်အခဲတွေကိုပြောပြထားပါတယ်။
Back to Top