ချောင်းနှစ်ခွတံတား မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန် ပြည်နယ်က ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ အတ္ထရံမြစ်ကူးတံတား ချောင်းနှစ်ခွတံတားကို KNU/PDF အကြမ်းဖက်သောင်းကျန်းသူတွေက မိုင်းထောင်ဖောက်ခွဲလိုက်တာကြောင့် ဒေသခံပြည် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အတ္ထရံမြစ်ကူးတံတား(ချောင်းနှစ်ခွ)ကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီအချိန်က KNU တပ်မဟာ ၆ လက်အောက်ခံ KNDO က အယ်စေး၀ါးဦးဆောင်ပြီး KNDO / PDF အကြမ်းဖက်တွေနဲ့ဖွဲ့စည်းထားတဲ့ Lion Battalion အဖွဲ့က ဖောက်ခွဲဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။ အ​ကြမ်းဖက်သောင်းကျန်းသူ အယ်စေဝါးဦးဆောင်တဲ့ KNDO /PDF တွေဖောက်ခွဲခဲ့တဲ့ အတ္တရံ​မြစ်ကူး တံတားချောင်းနှစ်ခွကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှကစတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ မှာတည်ဆောက်ရေးလုပ်ငန်းတွေပြီးစီးခဲ့လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အရှည်ပေ ၉၀၀ အကျယ်ပေ ၃၀ ရှိတဲ့ သံကူကွန်ဂရိ အတ္ထရံမြစ်ကူးတံတား ချောင်းနှစ်ခွတည်ဆောက်ပေးခဲ့တာကြောင့် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လက်နက်ကိုင်ပရိပက္ခဒဏ်ကိုခံစားနေရတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေဟာ ပြည်နယ်နှစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကို အဲ့ဒီအချိန်က ကမ်းညွှတ်အောင်ကြိုဆိုခဲ့ကြပါတယ်။ တံတား၏ အရှေ့ဖက်ကမ်းရှိ ကွန်ကရစ်ချဥ်းကပ်လမ်းနှင့် သံဘေလီတံတား မှာ ပြတ်ကျပြီး ပျက်စီးခဲ့ကြောင်း၊ လူယာဥ်များ လုံးဝ သွားလာ၍မရတော့ကြောင်း၊ တံတားအရှေ့ဖက်ကမ်းရ&#
Back to Top