အစိုးရသစ်လက်ထက်မှာ စက်သုံးဆီဆိုင်တွေကို အထူးအခွင့်အရေး မပေးဟု ဦးဖြိုးမင်းသိန်းပြော

အစိုးရသစ်လက်ထက်မှာ စက်သုံးဆီဆိုင်တွေကို အထူးအခွင့်အရေး မပေးဟု ဦးဖြိုးမင်းသိန်းပြော -------- အကုန်သိသတင်းဌာန -------- အရင်အစိုးရတုန်းက စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးပြီး ဈေးနှုန်း သက်သာရေးကို ဆောင်ရွက်ခဲ့ကြတယ်လို့ ဦးဖြိုမင်းသိန်းက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအထိ မေးခွန်းထုတ်စရာတွေ ရှိနေပြီး လက်ရှိအစိုးရလက်ထက်မှာတော့ အထူးအခွင့်အရေးတွေ မပေးတော့ဘဲ တိုင်းအစိုးရအနေဖြင့် ရန်ကုန်ပက်ထရို (Yangon Petrol) မှာလည်း ရင်းနှီးမြှပ်နှံထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ရိုက်ကူး/တည်းဖြတ် - သီဟ
Back to Top