ပြန်လွမ်းမိတဲ့ သီချင်းတွေ
ခေတ်ကိုနောက်ပြန်ရစ်ကြည့်ရင် ရော့ခ်သီချင်းအပြင်းစားတွေဟာ ကျွန်တော်တို့ စိတ်ကို ဖမ်းစားနိုင်ခဲ့တယ်။တချို့တွေရဲ့လူငယ်ဘ၀ နံရံတွေ မှာ Metallica၊ Skid Row၊ AC/DC၊ Guns N’ Roses။ နံရံမှာ ပိုစတာတွေ ။ Rock Band တွေရဲ့ အမှတ်တံဆိပ် ကို လွယ်အိတ်မှာ ချိတ်ကလေးနဲ့ထိုးလို့။ ဂျင်းအင်္ကျီဟောင်းလေးမှာ စတေကာကို မီးပူနဲ့ဖိကပ်လို့။ အရေပြားမှာ ဆေးမင်ကြောင်နဲ့ပုံဖော်လို့။ ဒီသီချင်း တွေကို အခု နားထောင်ဖြစ်တော့ လမ်းတွေကိုပြန်မြင်လာတယ်။ လဖက်ရည်ဆိုင် ကိုပြန်မြင်လာ တယ်။သူငယ်ချင်းတွေ ကိုပြန်မြင်လာတယ်။ကတ်ဆက်တိတ်ခွေ လေးတွေ ပြန်မြင်လာတယ်။
အခုဖော်ပြလိုက်တဲ့ Metallica ရဲ့ ဖျော်ဖြေမှုကတော့ ၁၉၉၁၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ Monsters Of Rock ရှိုးပဲဖြစ်ပါ တယ်။ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် အရေအတွက်ကလည်း ၁ ဒဿမ ၆ သန်းကျော် ရှိပြီး ပရိသတ် အများ ဆုံးကြည့်ရှုတဲ့ ရှိုးပွဲတွေ ထဲမှာ တစ်ပွဲ အပါအ၀င် ဖြစ်ခဲ့ပါတယ်။