နေရာဟောင်း - ခိုင်ထူး

နေရာဟောင်း - ခိုင်ထူး --------------------------- ဟေမာန်ဆောင်းဦးကို... တေးညည်းဆိုကြိုမဲ့ ငှက်ငယ်လေးရယ်..... ဘယ်ဌာနေမှာ မင်းမှေးစက် နေပျော်နေသလဲကွယ် ..... သင်ပြန်လာမဲ့ လမ်းကြောင်းတစ်လျှောက် အစဉ်ဘဲ စောင့်မျှော်မိတယ်... နေရာဟောင်းလေးမှာ ပြန်လည် ဆုံဆည်းကြစို့ကွယ် အပင်ခိုနားရင်းနဲ့.... ချွေးသိပ်ဖြေနေခဲ့ ဖြစ်စဉ်လေးမှာ .... ဒီရင်ခွင်ကို မင်းမေ့ရက်နေနိုင်တယ်လားကွယ် .... အတူနေစဉ်မှာ ထားတဲ့ကတိတွေ အလွယ်ဆုံး မမေ့နိုင်သေးရင် .... နေရာဟောင်းလေးမှာ ပြန်လည် ဆုံဆည်းကြစို့ကွယ် ....... အသည်းအိမ်ထဲ စွဲစေတဲ့အသံ ဝေးနေလဲ ကြားယောင်တယ် အမြဲတမ်း မိတ်ဆွေရယ် ဆောင်းမှာလဲ ရောက်မလာခဲ့သူ.... မိုးမှာလဲ မတွေ့နိုင်တယ် ... ခရီးသွား ငှက်ငယ်ရေ .......... ဒီနွေကူးပြောင်းရင်... အလွမ်းစိတ်ဖြေပြေမဲ့ မင်းကိုယ်စားကို... ဘယ်ရာသီမှာ ရုန်းထွက်လို့ စေနိုင်မှာလဲလေ... နေနေနိုင်တဲ့ ဘဝသစ်မှာ အဆင်သင့် မဖြစ်နိုင်ခဲ့ရင်... နေရာဟောင်းလေးမှာ ပြန်လည် ဆုံဆည်းကြစို့ကွယ် .......
Back to Top