မျှစ်ချိုး၊ ထင်းခုတ်ရင်း မိုင်းမနင်းမိအောင် သတိပေးဆိုင်းဘုတ်များ လုပ်မည်

မျှစ်ချိုး၊ ထင်းခုတ်ရင်း မိုင်းမနင်းမိအောင် သတိပေးဆိုင်းဘုတ်များ လုပ်မည် -------- အကုန်သိသတင်းဌာန -------- “ဒီချုံပုတ် ၊ဒီသစ်တော၊ ဒီတောင်တန်း၊ ဒီစိုက်ကွင်း၊ ဒီရေတွင်းနဲ့ ရေကန်တွေနားကတော့ဖြင့် မိုင်းအန္တရာယ်ရှိနိုင်တယ်ဆိုတာတွေကို စစ်တမ်းကောက်ပြီး သတိပေးအမှတ်အသားတွေ လုပ်မှာပါ။ ဒါမှ ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေမှာ ထင်းခုတ်မယ်ဆိုလည်း မခုတ်သင့်ဘူး။ မျှစ်ချိုးမယ်ဆိုလည်း မချိုးသင့်ဘူး ဆိုတာကို ဒေသက ကလေးတွေ လူကြီးတွေသိပြီး ရှောင်ရှားသွားလာနိုင်မှာ“ လို့ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေမှူး ဦးဇော်မင်းက ပြောပါတယ်။ ရိုက်ကူးမေးမြန်း - စောဘောသိုလ်၊ တည်းဖြတ် - သားကို
Back to Top