ထိုင်းမှာ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးရန်ပုံငွေထည့်ပြီး ပြန်မရဟုဆို

ထိုင်းမှာ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးရန်ပုံငွေထည့်ပြီး ပြန်မရဟုဆို ------ အကုန်သိသတင်းဌာန ------ “ထိုင်းဥပဒေမှာ မြန်မာအလုပ်သမားတွေ ၀င်ငွေထဲက ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ် ထည့်ရတယ်။ ထည့်ပြီးတော့ ကြက်သောက်ရေလိုပဲ။ ပြန်မရဘူး။ အသက် ၅၀ မပြည့်မချင်း ထိုင်းနိုင်ငံမှာ မည်သည့်အကြောင်းအရာပေါ်ပေါ် လက်ပြတ်၊ ခြေထောက်ပြတ်၊ ခန္ဓာကိုယ်အောက်ပိုင်းဒုက္ခိတဖြစ်သွားလို့ ပြန်ရင် လူမှုဖူလုံရေးရန်ပုံငွေ ထုတ်ယူလို့ရပါတယ်ဆိုတဲ့ စည်းမျဉ်းတွေက အဲဒီအလုပ်သမား မခံစားရဘူး“ လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောလာပါတယ်။ ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် - သားကို
Back to Top