People’s Spring | သက်ဆင်ရဲ့သမီး ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာ

People’s Spring | သက်ဆင်ရဲ့သမီး ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာ People’s Spring ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။ အသက် ၃၇ နှစ်သာ ရှိသေးတဲ့အတွက် ပေတွန်တန် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်လာတော့မှာပါ။ သူဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အဒေါ်ရင်းဖြစ်သူ ယင်လက်ခ် ရှီနာဝပ်ထရာပြီးရင် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။ ထိုင်းမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဝန်ထမ်းခန့်အပ်မှုနဲ့ ပတ်သက်လို့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုရင်း အခြေခံ ဥပဒေ ခုံရုံးက ဖယ်ရှားလိုက်တဲ့နောက် နှစ်ရက်အကြာ ဩဂုတ် ၁၆ ရက်နေ့မှာ လွှတ်တော်ရဲ့ မဲပေး ဆုံးဖြတ်မှုနဲ့အတူ ပေတွန်တန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အာဏာရ ညွန့်ပေါင်း အစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ အကြီးအကဲကို လတ်တလောမှာ မိတ်ဖက်တွေအဖြစ် စုစည်းထားတဲ့ ပြိုင်ဘက်ဟောင်း ကွန်ဆာဗေးတစ် အင်အားစုတွေကလည်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ပေတွန်တန်ရဲ့ ဖခင်နဲ့ အဒေါ်တို့ကတော့ ထိုင်းဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူခဲ့စဉ် အတောအတွင်း စစ်တပ် အာဏာသိမ်းမှု၊ ခုံရုံးဆုံးဖြတ်မှုတွေကြောင့် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ ပေတွန်တန်ရဲ့ ဖခင်ဖြစ်သူ ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ PTPရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်သူအဖြစ် ဆက်လက် ရပ်တည်နေဆဲလို့ ယုံကြည်ရပြီး အခြေအနေအရ ညွန့်ပေါင်း အစိုးရ ဖွဲ့ထားရတဲ့ ကွန်ဆာဗေးတစ် မိတƟ
Back to Top